CBI MYANMAR သည် ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်နှင့် ပါမောက္ခများက ဦးဆောင်ပြီး၊ အရည်အသွေးမြင့် ဆရာ၊ ဆရာမများဖြင့်၊ IGCSE, GCE A Levels စာမေးပွဲများကို ဖြေဆိုနိုင်ရန် နှင့် ဂျာမန် special Foundation ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုနိုင်ရန်၊ အပိုဆောင်း ကျူရှင် ယူစရာမလိုအပ်အောင် ပြည့်စုံစွာ စနစ်တကျ လေ့ကျင့်ပေးမည့် သင်တန်းစင်တာ ဖြစ်ပါသည်။ ဂျာမန်ဘာသာစကားကို သင်တန်းကြေး ပေးစရာမလိုဘဲ အခမဲ့ သင်ကြားပေးပါသည်။
CBI MYANMAR- Career Bridge Institute
CBI MYANMAR – Career Bridge Institute သည်
(i) General Certificate of Education – IGCSE, GCE A Levels အတန်းများအတွက် နိုင်ငံတကာအသိအမှတ်ပြု Pearson Edexcel စာမေးပွဲများကို ဖြေဆိုနိုင်ရန် ပြင်ဆင်လေ့ကျင့် ပေးပါသည်။ ဂျာမနီနိုင်ငံတွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွက် ဂျာမန်ဘာသာစကားကို အခမဲ့ ဤသင်တန်းကာလအတွင်း ပြီးမြောက်အောင် ပြင်ဆင်လေ့ကျင့် ပေးပါသည်။
(ii) CBI MYANMAR သည် အထူးအစီအစဥ်တစ်ရပ်အဖြစ်၊ GED, IGCSE, Grade 10 အောင်မြင်ထားသော ကျောင်းသားများအတွက်၊ ဂျာမနီနိုင်ငံရှိ special Foundation တစ်နှစ်သင်တန်းများသို့ ဝင်ခွင့်ရရှိရန် လိုအပ်သော ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုနိုင်စေရန် ပြင်ဆင်လေ့ကျင့်ပေးပါသည်။
ဤအစီအစဉ်တွင် ပါဝင်သည့် ကျောင်းသားများသည် ဂျာမနီနိုင်ငံတွင် မိမိရွေးချယ်ထားသော ဘာသာရပ်များကို ဂျာမန်ဘာသာစကားအပါအဝင် တစ်နှစ် သင်ယူရမည်ဖြစ်ပြီး၊ ထို့နောက် ဂျာမန်အစိုးရတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ယူနိုင်မည် ဖြစ်ပါသည်။
(၁) မြန်မာမှ ဂျာမနီသို့ ပညာရေးလမ်းကြောင်း ၃ ခု
(က) Grade 10 အဆင့်၊ IGCSE၊ GED၊ OSSD အောင်လက်မှတ်ရှိသူများအတွက်
Grade 10 အဆင့်၊ IGCSE၊ GED သို့မဟုတ် OSSD အောင်မြင်ထားသူများသည် ဂျာမနီနိုင်ငံတွင် Special Foundation သင်တန်းကို (၁) နှစ် တက်ရောက်နိုင်ပါသည်။ ထို့နောက် ဂျာမန်အစိုးရတက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားနိုင်ပါသည်။
ထို့အပြင် Grade 10 အဆင့်၊ IGCSE၊ GED သို့မဟုတ် OSSD အောင်မြင်ထားသူများသည် ဂျာမနီနိုင်ငံတွင် Ausbildung ဟုခေါ်သော အသက်မွေးဝမ်းကျောင်းပညာသင်တန်းကိုလည်း တက်ရောက်နိုင်ပါသည်။
(ခ) Grade 11 အဆင့်၊ GCE AS Level၊ OSSD အောင်လက်မှတ်ရှိသူများအတွက်
Grade 11 အဆင့်၊ GCE AS Level သို့မဟုတ် OSSD အောင်လက်မှတ်ရှိသူများသည် ဂျာမနီနိုင်ငံတွင် Foundation သင်တန်းကို (၁) နှစ် တက်ရောက်နိုင်ပါသည်။ ထို့နောက် ဂျာမန်အစိုးရတက္ကသိုလ်များတွင် ဆက်လက်တက်ရောက်နိုင်ပါသည်။
(ဂ) Grade 12 အဆင့်၊ GCE A2 Level၊ OSSD အောင်လက်မှတ်ရှိသူများအတွက်
Grade 12 အဆင့်၊ GCE A2 Level သို့မဟုတ် OSSD အောင်လက်မှတ်ရှိသူများသည် မိမိဖြေဆိုထားသော စာမေးပွဲအမျိုးအစားနှင့် ဖြေဆိုထားသော ဘာသာရပ်များပေါ်မူတည်၍ ဂျာမန်အစိုးရတက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်ပါသည်။
မှတ်ချက်။ မြန်မာနိုင်ငံ၏ Grade 12 အောင်လက်မှတ် ရှိသူများအတွက်
မြန်မာနိုင်ငံ၏ ”တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်” ကို ဂျာမန်အစိုးရက Grade 10 အောင်လက်မှတ် ဟုသာ ယခုအချိန်အထိ သိနေပါသည်။
ထို့ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ် (စနစ်သစ် Grade 12) အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများသည် လက်ရှိအချိန်တွင် ဂျာမန်တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့် မရရှိသေးပဲ ဖြစ်နေပါသည်။
မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်လက်မှတ်သည် Grade 12 အောင်လက်မှတ် ဖြစ်ကြောင်းကို ဂျာမန်အစိုးရက သိလာသည့်အခါ မြန်မာ ကျောင်းသား၊ ကျောင်းသူများသည် ဂျာမန်အစိုးရတက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
(၂) သင်ကြားပို့ချသော ဘာသာရပ်များ
IGCSE, GCE A Levels နှင့် Foundation Program များအတွက် အောက်ပါ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးနေပါသည်။
IGCSE တွင် ၂ နှစ်၊ GCE A Levels တွင် ၂ နှစ် ကြာအောင် ဂျာမန်ဘာသာစကားကို တစ်ပါတည်း သင်ကြားပေးနေသောကြောင့် ဂျာမန်ဘာသာစကားသင်ရန် အချိန်ထပ်မယူရဘဲ ဂျာမနီ၏ Foundation နှင့် တက္ကသိုလ်များကို ဝင်ခွင့် လျှောက်ထားနိုင်မည် ဖြစ်သည်။
1. Mathematics
2. Further Mathematics
3. Physics
4. Information & Communication Technology
5. Computer Science
6. Chemistry
7. Biology
8. Business
9. Economy
10. Accounting
11. German
(၃) အဆင့်မြင့်ပညာများကို ဘယ်နိုင်ငံမှာ သင်သင့်တာလဲ။
မည့်သည်နိုင်ငံတွင် ပညာသင်ယူသင့်သည်ကို ရွေးချယ်ရာတွင် အောက်ပါ အချက် ၃ ချက်အပေါ် အခြေခံပြီး စဥ်းစားသင့်တာ ဖြစ်ပါတယ်။
(က) တက်ရောက်မည့် တက္ကသိုလ်နှင့် လုပ်ငန်းခွင်သင်တန်း၏ အရည်အသွေးနှင့် ကမ္ဘာ့အဆင့်။
(i) ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် ကမ္ဘာ့ထိပ်တန်း ပထမ သုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု USA ၊ ယူနိုက်တက်ကင်းဒမ်း UK နှင့် ဂျာမနီနိုင်ငံ Germany တို့ ဖြစ်ပါသည်။ ဂျာမနီိနုင်ငံ၏ အစိုးရတက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်း သုံးနိုင်ငံအဆင့်တွင် ပါဝင်ပြီး နိုင်ငံတကာကျောင်းသားများအတွက် ကျောင်းလခမပေးရန်မလိုဘဲ တက်ရောက်နိုင်ပါသည်။
(ii) ဂျာမနီနိုင်ငံ၏ Ausbildung သင်တန်းများသည် ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခံထားရပါသည်။ ထိုသင်တန်းများတွင် နိုင်ငံတကာကျောင်းသားများသည် ကျောင်းလခပေးရန်မလိုဘဲ သင်တန်း တက်ရောက်နိုင်ပြီး၊ ပညာသင်ကြားနေစဉ်အတွင်း လစာဝင်ငွေကိုလည်း ရရှိနိုင်ပါသည်။
(ခ) အလုပ်အကိုင် အခွင့်အလမ်းနှင့် ရေရှည်နေထိုင်ခွင့် အခွင့်အလမ်း။
(i) ကမ္ဘာ့အဆင့်တွင် စီးပွားရေးအင်အား အကြီးဆုံး ကမ္ဘာထိပ်တန်း သုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု USA, တရုတ်ပြည်သူ့သမ္မတနိုင်ငံ China, ဂျာမနီ Germany တို့ ဖြစ်ပါသည်။ ဂျာမနီနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေး အင်အား အကြီးမားဆုံး သုံးနိုင်ငံတွင် ပါဝင်ပြီး၊ ဥရောပတွင် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပါသည်။ စီးပွားရေး အင်အားကြီးမားခြင်းက ဂျာမနီနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။
(ii) ဂျာမနီနိုင်ငံသည် ပညာသင်ကြားနေစဉ် မိသားစုကို ခေါ်ဆောင်လာခွင့်ပြုသည့်အပြင်၊ ပညာသင်ပြီးဆုံးပြီးနောက် အလုပ်ရှာဖွေနိုင်ရန် ဆက်လက်နေထိုင်ခွင့်ဗီဇာ ပေးပါသည်။ သတ်မှတ်ထားသော အလုပ်အတွေ့အကြုံရရှိပြီးနောက် ဂျာမနီတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိနိုင်ပြီး၊ နောက်ပိုင်းတွင် ဂျာမန်နိုင်ငံသားဖြစ်ခွင့်လည်း ပေးပါသည်။
(ဂ) ဘဝတိုးတက်မှု အခွင့်အလမ်း၊ လုံခြုံရေးနှင့် စိတ်ချရသော အနာဂတ်ရှိမှု။
(i) ဘဝတိုးတက်ရေး နှင့် ကိုယ်ပိုင်အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်း အမြင့်ဆုံး ပေးနိုင်သော ကမ္ဘာ့ထိပ်တန်း သုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု United States၊ ဆွစ်စလန် Switzerland နှင့် ဂျာမနီ Germany တို့ ဖြစ်သောကြောင့် ဂျာမနီသည် ကမ္ဘာ့အမြင့်ဆုံးထိပ်တန်းတွင် ပါဝင်နေပါသည်။
(ii) ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်တိုးတက်ရေး အခွင့်အလမ်းများ ပေးနိုင်မှုတွင် ဂျာမနီသည် ကမ္ဘာ့အမြင့်ဆုံးထိပ်တန်းတွင် ပါဝင်နေပါသည်။
(၄) ကမ္ဘာ့အဆင့်မြင့် ပညာရေး၊ ဂျာမန်တက္ကသိုလ်များ နှင့် ဂျာမနီနိုင်ငံ
(က) ဂျာမနီနိုင်ငံမှာ ဘာလို့ ပညာသင်သင့်တာလဲ။
ကမ္ဘာ့အဆင့်မြင့်ပညာရေးနှင့် အနာဂတ်အလုပ်အကိုင်ကို တစ်ပြိုင်နက် ရရှိနိုင်မည့် နိုင်ငံ – ဂျာမနီ
ဂျာမနီနိုင်ငံတွင် ဆေးပညာ၊ အင်ဂျင်နီယာ၊ အိုင်တီ၊ စီးပွားရေး၊ ဥပဒေ၊ သိပ္ပံ၊ ဝိဇ္ဇာ စသည့် ဘာသာရပ်များအပါအဝင် Study Program လိုင်းပေါင်း ၂၃,၀၀၀ ကျော်ကို အစိုးရတက္ကသိုလ် ၃၀၀ ကျော်တွင် ကျောင်းလခမပေးဘဲ ပညာသင်ယူနိုင်ပါသည်။
ဂျာမနီသည် အဆင့်မြင့်ပညာရေးနိုင်ငံများထဲတွင် ကမ္ဘာ့ထိပ်တန်း ပထမ သုံးနိုင်ငံ ထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ ဂျာမန်တက္ကသိုလ်များမှ ရရှိသော ဘွဲ့ဒီဂရီများကို ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်များနှင့် အလုပ်ရှင်များက အသိအမှတ်ပြုထားကြပါသည်။
ထို့အပြင် ဂျာမနီသည် ဥရောပ၏ အကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး၊ စီးပွားရေးအင်အားကြီးနိုင်ငံများထဲတွင် ကမ္ဘာ့ထိပ်တန်း ပထမ သုံးနိုင်ငံ ထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ ထို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားပြီး၊ ပညာသင်ပြီးနောက် ဂျာမနီတွင် အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းကောင်းများ ရှိပါသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်မှစတင်၍ ဂျာမနီသည် နိုင်ငံခြားသားများအတွက် အလုပ်လုပ်ခွင့်၊ ရေရှည်နေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေများကို ပိုမိုလွယ်ကူစေရန် ပြုပြင်ပြောင်းလဲခဲ့ပါသည်။
တက္ကသိုလ်ပညာရေးအပြင်၊ ဂျာမနီ၏ နာမည်ကျော် Ausbildung (Dual Vocational Training) အစီအစဉ်ကိုလည်း ရွေးချယ်တက်ရောက်နိုင်ပါသည်။ ဤအစီအစဉ်တွင် ကျောင်းလခပေးရန် မလိုဘဲ လစဉ်လစာရရှိကာ လက်တွေ့လုပ်ငန်းအတွေ့အကြုံနှင့် အသက်မွေးဝမ်းကျောင်းပညာကို တစ်ပြိုင်နက် သင်ယူနိုင်ပါသည်။ ဂျာမနီ၏ Dual Vocational Training System သည် အသက်မွေးဝမ်းကျောင်းပညာရေးစနစ်များထဲတွင် ကမ္ဘာ့အကောင်းဆုံး နံပါတ်တစ် နိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရပါသည်။
ဂျာမနီတွင် ပညာသင်ယူခြင်းသည် ဘွဲ့တစ်ခုရရှိရုံသာမက၊ မိမိ၏ အနာဂတ်ဘဝကို ပိုမိုတည်ငြိမ်စွာ တည်ဆောက်နိုင်မည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါသည်။
ကျောင်းသားများအနေဖြင့် အရည်အသွေးမြင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ကောင်းမွန်သော လစာနှင့် အလုပ်အကိုင်တိုးတက်ရေး အလားအလာများ၊ အလုပ်နှင့် ကိုယ်ပိုင်အချိန် ဟန်ချက်ညီမှု၊ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် လုံခြုံစိတ်ချရသော လူနေမှုဘဝတို့ကို ရရှိနိုင်ပါသည်။
ထို့ကြောင့် ဂျာမနီတွင် အခြေချနေထိုင်ပြီး မိမိနှင့် မိသားစုအတွက် ရေရှည်အနာဂတ် တည်ဆောက်လိုသူများအတွက် အထူးသင့်လျော်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း ဂျာမနီတွင် အခြေချနေထိုင်ရန် အစီအစဉ်မရှိသူများအတွက်၊ ဂျာမန်တက္ကသိုလ်ဘွဲ့များ၊ Ausbildung အရည်အချင်းလက်မှတ်များနှင့် ဂျာမနီတွင် ရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများသည် မည်သည့်နိုင်ငံတွင်မဆို အလုပ်အကိုင်နှင့် ဘဝတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
ထို့ကြောင့် ဂျာမနီတွင် ပညာသင်ယူခြင်းသည် ပညာရေး၊ အလုပ်အကိုင်နှင့် အနာဂတ်ဘဝကို တစ်ပြိုင်နက် တိုးတက်စေနိုင်သော အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။
(ခ) ဂျာမနီတွင် ပညာသင်ယူရန် ငွေဘယ်လောက်လိုအပ်ပါသလဲ။
တက္ကသိုလ် တက်လိုသူများ
ဂျာမနီနိုင်ငံရှိ အစိုးရတက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများအတွက် ပုံမှန်အားဖြင့် ကျောင်းလခ (Tuition Fee) ပေးရန် မလိုပါ။
သို့သော် တက္ကသိုလ်တက်ရောက်ရန် ဂျာမနီနိုင်ငံ၏ National Visa (အမျိုးသားဗီဇာ) လျှောက်ထားရာတွင် မိမိ၏ တစ်နှစ်တာ နေထိုင်စားသောက်စရိတ်ကို ကာမိနိုင်ကြောင်း သက်သေပြရန် လိုအပ်ပါသည်။
ယင်းအတွက် ယေဘုယျအားဖြင့် တစ်နှစ်လျှင် မြန်မာကျပ်ငွေ ကျပ်သိန်း ၆၀၀ ဝန်းကျင် (ယူရို ၁၂,၀၀၀ ခန့်) ရှိကြောင်းကို ငွေကြေးအထောက်အထားအဖြစ် ပြသရန် လိုအပ်နိုင်ပါသည်။
Ausbildung တက်လိုသူများ
ဂျာမနီနိုင်ငံ၏ Ausbildung အစီအစဉ်တွင် တက်ရောက်သူများအတွက် ကျောင်းလခကို အလုပ်ရှင်မှ တာဝန်ယူပေးလေ့ရှိပြီး၊ သင်တန်းတက်ရောက်နေစဉ်အတွင်း လစဉ်လစာ (Training Allowance) ကိုလည်း အလုပ်ရှင်မှ ပေးပါသည်။
အသက်မွေးဝမ်းကျောင်းအမျိုးအစားနှင့် သင်တန်းနှစ်အလိုက် လစာပမာဏ ကွာခြားသော်လည်း၊ ယေဘုယျအားဖြင့် တစ်လလျှင် မြန်မာကျပ်ငွေ ကျပ်သိန်း ၅၀ ဝန်းကျင် (ယူရို ၁,၀၀၀ ခန့်) သို့မဟုတ် ထိုထက်ပိုသော လစာကို ရရှိနိုင်ပါသည်။
ထို့ကြောင့် Ausbildung ဗီဇာလျှောက်ထားသူများသည် ပုံမှန်အားဖြင့် တက္ကသိုလ်ကျောင်းသားများ ကဲ့သို့ နေထိုင်စားသောက်စရိတ်အတွက် ငွေကြေးအထောက်အထားကို ပြသရန် မလိုအပ်ပါ။
သို့သော် ဗီဇာအမျိုးအစား၊ လစာပမာဏနှင့် သက်ဆိုင်ရာ အခြေအနေများပေါ်မူတည်၍ ဂျာမန်သံရုံး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ လိုအပ်ချက်များမှာ ကွဲပြားနိုင်ပါသည်။
(ဂ) ဂျာမနီတွင် ကျောင်းသားတစ်ယောက် အလုပ်လုပ်ပြီး မိမိ၏ နေထိုင်စားသောက်စရိတ်ကို ကာမိနိုင်ပါသလား။
တက္ကသိုလ် တက်ရောက်သူများ
ဂျာမနီနိုင်ငံတွင် နိုင်ငံတကာကျောင်းသားတိုင်း (University နှင့် Ausbildung) ပညာသင်ချိန်ပြင်ပ၌ တစ်နှစ်လျှင် အချိန်ပြည့်အလုပ် ၅ လခွဲ သို့မဟုတ် အချိန်ပိုင်းအလုပ် ၁၁ လခန့်ကို တရားဝင် လုပ်ကိုင်ခွင့် ရရှိပါသည်။
ကျောင်းသားများသည် တစ်ရက်လျှင် ၈ နာရီ အလုပ်လုပ်ပါက အနည်းဆုံး တစ်နေ့လုပ်အားခ မြန်မာကျပ် ၅ သိန်း (ယူရို ၁၁၁ ခန့်) သို့မဟုတ် ထိုထက်ပိုသော ဝင်ငွေ ရရှိနိုင်ပါသည်။ ထို့ကြောင့် တစ်နှစ်လျှင် မြန်မာကျပ် ၆၅၀ သိန်း (ယူရို ၁၃,၀၀၀ ခန့်) အထိ ဝင်ငွေ ရရှိနိုင်ပါသည်။
ဤတစ်နှစ်တာ ဝင်ငွေဖြင့် မိမိ၏ နေထိုင်စားသောက်စရိတ်၊ နေ့စဉ်အသုံးစရိတ်များနှင့် ပညာသင်ဆိုင်ရာ ကုန်ကျစရိတ်များကို အများအားဖြင့် ကာမိနိုင်ပါသည်။
သို့သော် ဝင်ငွေပမာဏနှင့် ကုန်ကျစရိတ်များမှာ နေထိုင်သည့်မြို့၊ အလုပ်အမျိုးအစားနှင့် ကိုယ်ပိုင်နေထိုင်မှုပုံစံတို့အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
Ausbildung တက်ရောက်သူများ
Ausbildung တက်ရောက်သူများအတွက် သင်တန်းကုန်ကျစရိတ်ကို အလုပ်ရှင်မှ ကျခံပေးပြီး၊ လစဉ်သင်တန်းထောက်ပံ့ကြေး (Training Allowance) ကိုလည်း အလုပ်ရှင်မှ ပေးသောကြောင့် မိမိ၏ နေထိုင်စားသောက်စရိတ်များကို မိမိရရှိသော လစာဖြင့် ကာမိနိုင်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင် အတော်လေး အဆင်ပြေကြပါသည်။
Ausbildung လုပ်ကိုင်သူများသည် ယေဘုယျအားဖြင့် တစ်လလျှင် မြန်မာကျပ် ၅၀ သိန်းဝန်းကျင် (ယူရို ၁,၀၀၀ ခန့်) သို့မဟုတ် ထိုထက်ပိုသော လစဉ်လစာကို ရရှိကြပါသည်။
ထို့အပြင် တစ်လလျှင် မြန်မာကျပ် ၃၀ သိန်းဝန်းကျင် (ယူရို ၆၀၀ ခန့်) အထိရသည့် အခွန်မပေးရသော Mini Job ကို လုပ်ကိုင်ကြပြီး လခအပြင် အပိုဝင်ငွေလည်း ရရှိနိုင်ပါသည်။
(၅) မြန်မာကျောင်းသားများအတွက် ဘယ်တက္ကသိုလ်က ပိုသင့်တော်သလဲ။
(က) ဘယ်တက္ကသိုလ်က ပိုသင့်တော်သလဲ။
မိမိအတွက် ဘယ်တက္ကသိုလ်က ပိုသင့်တော်သလဲလို့ ရွေးချယ်တဲ့နေရာမှာ အရေးကြီးဆုံးကတော့
- တက္ကသိုလ်၏ အသိအမှတ်ပြုမှု (Accreditation)
- ပညာရေး အရည်အသွေး
- သင်ကြားမည့် ဘာသာရပ်
- ဘွဲ့ရပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း
- ကျောင်းလခ နှင့် နေထိုင်စရိတ်
တို့ကို အပြည့်အစုံ သုံးသပ်ပြီး မိမိ၏ ရည်မှန်းချက်နှင့် ကိုက်ညီသော တက္ကသိုလ်ကို ရွေးချယ်သင့်ပါသည်။
(ခ) နှစ်ပေါင်း ၆၀၀ ကျော် သမိုင်းရှိသော ဂျာမနီ အစိုးရတက္ကသိုလ်များ
ဂျာမနီ၏ နာမည်ကြီး အစိုးရတက္ကသိုလ်များကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ မှ ၆၅၀ ကျော် ကတည်းက တည်ထောင်ခဲ့ပြီး ယနေ့အထိ ကမ္ဘာ့အဆင့်မီ ပညာရေးနှင့် သုတေသနလုပ်ငန်းများကို ဦးဆောင်လျက်ရှိပါသည်။
ဥပမာ –
- Heidelberg University (၁၃၈၆)
- Leipzig University (၁၄၀၉)
- University of Freiburg (၁၄၅၇)
- Ludwig Maximilian University of Munich (LMU) (၁၄၇၂)
- University of Tübingen (၁၄၇၇)
ဤတက္ကသိုလ်များသည် သိပ္ပံ၊ ဆေးပညာ၊ အင်ဂျင်နီယာနှင့် နည်းပညာကဏ္ဍများတွင် ကမ္ဘာကျော် ပညာရှင်များ၊ သုတေသီများနှင့် နိုဘယ်ဆုရှင်များစွာကို မွေးထုတ်ပေးခဲ့ပါသည်။
ဂျာမနီနိုင်ငံ၏ အကောင်းဆုံး တက္ကသိုလ်များဟာ အစိုးရတက္ကသိုလ်များ ဖြစ်ပြီး၊ ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်များတွင် နှစ်စဉ်ထိပ်တန်းနေရာများကို ရရှိလျက်ရှိပါတယ်။
ဂျာမနီနိုင်ငံရှိ အစိုးရတက္ကသိုလ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်ကြသဖြင့်၊ တက္ကသိုလ်တစ်ခုမှ ရရှိထားသော အောင်လက်မှတ်များနှင့် Credit များကို အခြားအစိုးရတက္ကသိုလ်များတွင်လည်း တန်းတူအဆင့်အတန်းဖြင့် အပြန်အလှန် အသိအမှတ်ပြုကြပါသည်။
(ဂ) ဂျာမနီနိုင်ငံ၏ အစိုးရတက္ကသိုလ်များနှင့် ပုဂ္ဂလိက တက္ကသိုလ်များ
အောက်ပါအချက်များကြောင့် မြန်မာကျောင်းသားအများစုအတွက် ဂျာမနီ အစိုးရတက္ကသိုလ်များသည် ပိုမိုသင့်တော်သော ရွေးချယ်မှုဖြစ်နိုင်ပါသည်။
- ကျောင်းလခ မပေးရသောကြောင့် ပညာရေးကုန်ကျစရိတ် သက်သာခြင်း
- နှစ်ပေါင်းရာချီ သမိုင်းရှိသော ကမ္ဘာ့အဆင့်မီ ပညာရေးအရည်အသွေး
- သုတေသနနှင့် ဆန်းသစ်တီထွင်မှု အားကောင်းခြင်း
- ဘာသာရပ် ရွေးချယ်စရာ များပြားခြင်း
- ဂျာမနီနှင့် နိုင်ငံတကာ အလုပ်အကိုင်ဈေးကွက်တွင် ယုံကြည်လက်ခံမှု မြင့်မားခြင်း
- ဘွဲ့ရပြီးနောက် အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ကျယ်ပြန့်ခြင်း
ဂျာမနီ ပုဂ္ဂလိက တက္ကသိုလ်များသည်လည်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော အစီအစဉ်များ၊ အတန်းငယ်များ၊ သို့မဟုတ် သီးသန့်အထူးပြု ဘာသာရပ်များကို ရှာဖွေနေသော ကျောင်းသားများအတွက် သင့်လျော်နိုင်ပါသည်။
အချို့သော မြန်မာကျောင်းသားများသည်၊ လိုအပ်သည့် ပညာရေးအရည်အချင်းများ၊ ဘာသာစကား၊ သို့မဟုတ် အခြားသော ဝင်ခွင့်စည်းမျဉ်းများကြောင့် အစိုးရတက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့်ရရှိရန် အခက်အခဲများ ရှိကြပါသည်။ ထိုကဲ့သို့သော အခြေအနေများတွင်လည်း ပုဂ္ဂလိကတက္ကသိုလ်များသည် မြန်မာကျောင်းသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အရေးပါသော အခန်းကဏ္ဍတစ်ခုတွင် ရှိနေပါသည်။
“Private University ဆိုရင် Public University ထက် ပိုကောင်းမယ်” ဆိုတဲ့ အယူအဆက ဂျာမနီနိုင်ငံမှာတော့ မမှန်ပါဘူး။ တကယ်တော့ ဂျာမနီနိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်များဟာ အစိုးရတက္ကသိုလ်များ ဖြစ်ပြီး၊ ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်များတွင် နှစ်စဉ်ထိပ်တန်းနေရာများကို ရရှိလျက်ရှိပါတယ်။
(ဃ) ဂျာမနီရဲ့ ဘယ်တက္ကသိုလ်တွေမှာ ဘယ်ဘာသာရပ်တွေကို သင်ယူလို့ရပါသလဲ။
ဂျာမနီတွင် တက္ကသိုလ်ပေါင်း ၄၂၂ တက္ကသိုလ် ရှိပြီး၊ Degree program လိုင်းပေါင်း ၂၃၀၀၀ ကျော်ကို ပညာသင်ယူနိုင်ပါသည်။
ဂျာမနီနိုင်ငံတွင် အစိုးရတက္ကသိုလ်များသည် ကမ္ဘာထိပ်တန်း တက္ကသိုလ်များတွင် နှစ်စဉ် ပါဝင်လျက်ရှိပြီး၊ ဂျာမန်အစိုးရတက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများ အခမဲ့ ပညာသင်ယူနိုင်ပါသည်။ ဂျာမနီနိုင်ငံရှိ အစိုးရတက္ကသိုလ်တစ်ခုမှ ရရှိထားသော အောင်လက်မှတ်များနှင့် Credit များကို အခြားအစိုးရတက္ကသိုလ်များတွင်လည်း တန်းတူအဆင့်အတန်းဖြင့် အပြန်အလှန် အသိအမှတ်ပြုကြပါသည်။
ဂျာမနီနိုင်ငံတွင် လူဦးရေ ၈၄ သန်းခန့် ရှိပြီး၊ ဂျာမန်တက္ကသိုလ်များတွင် ကျောင်းသားပေါင်း ၂.၈၇ သန်းကျော် တက်ရောက်နေပါသည်။ တက္ကသိုလ်များတွင် ဂျာမန်နိုင်ငံသား ကျောင်းသားပေါင်း ၂.၅ သန်း (ဂျာမန်တက္ကသိုလ်များတွင် တက်နေသော ကျောင်းသားပေါင်း၏ ၈၆%) ရှိပြီး နိုင်ငံတကာ ကျောင်းသားပေါင်း ၄ သိန်း (၁၄%) နီးပါး ရှိပါသည်။
ဂျာမနီနိုင်ငံတွင် ဆေးပညာ သင်ယူနိုင်သော တက္ကသိုလ်ပေါင်း ၄၀ ရှိပြီး၊ ဆေးပညာ သင်ယူနေသော ကျောင်းသားပေါင်း ၂ သိန်းကျော် (၇.၄%) ရှိပါသည်။
အင်ဂျင်နီယာ သင်ယူနိုင်သော တက္ကသိုလ်ပေါင်း ၂၀၀ ကျော်ရှိပြီး၊ အင်ဂျင်နီယာ ကျောင်းသားပေါင်း ၇.၅ သိန်းကျော် နှင့် အိုင်တီပညာ သင်ယူနိုင်သော တက္ကသိုလ်ပေါင်း ၁၇၀ ကျော်ရှိပြီး၊ အိုင်တီ ကျောင်းသားပေါင်း ၂.၇ သိန်းကျော်၊ စုစုပေါင်း ကျောင်းသားပေါင်း ၁ သန်းကျော် (၃၅%) ရှိပါသည်။
လုပ်ငန်းပညာ သင်ယူနိုင်သော တက္ကသိုလ်ပေါင်း ၂၅၀ ကျော်ရှိပြီး၊ စီးပွားရေးပညာ သင်ယူနိုင်သော တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရှိပြီး၊ လုပ်ငန်းနှင့် စီးပွားရေးပညာ ကျောင်းသားပေါင်း ၄ သိန်းကျော် (၁၅%) ရှိပါသည်။
နိုင်ငံတကာကျောင်းသားများ ကြိုက်နှစ်သက်သော ဂျာမနီနိုင်ငံ၏ တက္ကသိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဆေးပညာ သင်ရန်အတွက် တက္ကသိုလ်များမှ တချို့
- Heidelberg University Medical Faculty
- Charité – Universitätsmedizin Berlin
- LMU Munich Faculty of Medicine
- University of Freiburg Medical Faculty
- University of Tübingen Medical Faculty
အင်ဂျင်နီယာ နှင့် အိုင်တီပညာ သင်ရန်အတွက် တက္ကသိုလ်များမှ တချို့
- Technical University of Munich
- RWTH Aachen University
- Karlsruhe Institute of Technology
- Technical University of Berlin
- TU Dresden
- Technical University of Darmstadt
- University of Stuttgart
လုပ်ငန်းနှင့် စီးပွားရေးပညာ သင်ရန်အတွက် တက္ကသိုလ်များမှ တချို့
- University of Mannheim
- WHU – Otto Beisheim School of Management
- ESMT Berlin
- Frankfurt School of Finance & Management
- Technical University of Munich School of Management
- University of Cologne
(၆) ဝန်ဆောင်မှုများ
✅ ပညာရေးနှင့် အလုပ်အကိုင် လမ်းညွှန် ဆွေးနွေးပေးခြင်း
✅ ဂျာမန်ဘာသာစကား သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း
✅ Foundation နှင့် တက္ကသိုလ်ဝင်ခွင့် အတွက် လျှောက်ထားပေးခြင်း
✅ လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း
✅ ဗီဇာလျှောက်ထားမှု ဝန်ဆောင်မှုပေးခြင်း
✅ နေထိုင်ရန် အဆောင် သို့မဟုတ် တိုက်ခန်း ရှာဖွေပေးခြင်း
✅ ဂျာမနီသို့ မထွက်ခွာမီ လိုအပ်သော အကြိုလမ်းညွှန်မှုပေးခြင်း
✅ ဂျာမနီသို့ ရောက်ရှိပြီးနောက် အထောက်အပံ့နှင့် အကူအညီပေးခြင်း
(၇) သင့်အတွက် အောင်မြင်သော အနာဂတ် တည်ဆောက်ရန် ယနေ့မှ စတင်လိုက်ပါ။
GED, IGCSE, GCE A Levels, OSSD, Grade 10, Grade 11, Grade 12 ပြီးမြောက်ထားသူများအတွက် ဂျာမနီနိုင်ငံတွင် ပညာသင်ရန်နှင့် တက္ကသိုလ်တက်ရန် ပညာရေးလမ်းကြောင်းများ ရှိပါသည်။
CBI Myanmar နှင့် ဆက်သွယ်ပြီး ဂျာမနီနိုင်ငံတွင် သင့်အတွက် အောင်မြင်သော အနာဂတ်တစ်ခု တည်ဆောက်နိုင်ရန် ယနေ့ပင် စတင်လိုက်ပါ။
အသေးစိတ်သိလိုပါက အောက်ပါ Logo ကို နှိပ်ပါ။
သင်နှင့် သင့်မိသားစုအတွက် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အနာဂတ်အတွက် ဂျာမနီနိုင်ငံသို့ လာရောက်ရန် စဉ်းစားနေပါပြီလား။
ဂျာမနီသို့ လာရောက်ရန်အတွက် ယုံကြည်စိတ်ချရသော လမ်းညွှန်မှု၊
သင်တန်းများနှင့် ဝန်ဆောင်မှုများ လိုအပ်ပါက
Your Gateway to Germany | AECOT
တွင် ရရှိနိုင်ပါသည်။
အသေးစိတ်သိလိုပါက အောက်ပါ Logo ကို နှိပ်ပါ။
(၈) ဆက်သွယ်ရန်
CBI MYANMAR
အမှတ် ၁၆၊ နတ်မောက်လမ်း၊
တာမွေမြို့နယ်၊ စာတိုက်အမှတ် ၁၁၂၁၁၊ ရန်ကုန်မြို့။
(ကန်တော်ကြီး ပတ်လမ်း၊ Chatrium Hotel အနီး၊ နတ်မောက်လမ်းသွယ် ၂ လမ်းထောင့်)
Email : info@careerbridgeinstitute.com
Website : myanmar.careerbridgeinstitute.com
Phone/Viber : +95 9 754 203 777 | +95 9 754 204 777
(၉) ဗီဒီယိုပြခန်း